စင်္ကာပူနိုင်ငံသည် ဓါတ်ခွဲခန်းသုံး အသားများအား အများပြည်သူသို့ တိုက်ရိုက်ရောင်းချသည့် ပထမဆုံးနိုင်ငံဖြစ်လာ

Powered by Drupal

      စင်္ကာပူနိုင်ငံရှိ စတိုးဆိုင် တစ်ဆိုင်သည် မေလက ဓါတ်ခွဲခန်းသုံးအသားများကို အများပြည်သူများထံသို့ တိုက်ရိုက်ရောင်းချလျက်ရှိပြီး ၎င်းသည် လူသားမျိုးနွယ်အတွက် အစားအသောက်အပိုင်းတွင် မှတ်သားဖွယ်ရာ အခိုက်အတန့်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

      ပြီးခဲ့သော စနေနေ့က Huber’s Butchery ဆိုင်သို့ လာရောက်လည်ပတ်စားသောက်ကြသောဧည့်သည်များအား ထောပတ်သီး၊ Picn de gallo နှင့် နံနံပင်တို့နှင့်အတူ Toco shells တွင် ထည့်သွင်းရောင်းချလျက်ရှိသည်။

    ၎င်းသည် ကြက်သားအားချက်ထားသကဲ့သို့ အရသာရှိကြောင်း၊ တိရိစ္ဆာန်များအား ထိခိုက်မှုမရှိစေဘဲ အသားစားသုံးရသည့်အတွက် ၎င်းကို နှစ်သက်ကြောင်း အချိုစားသုံးသူများက ပြောကြားခဲ့သည်။ သို့သော်လည်း စားသုံးသူအချို့က သဘာဝလတ်ဆက်သော အသားများအား အလွယ်တကူ ရရှိနိုင်သည်ဖြစ်၍ ထိုဓါတ်ခွဲခန်းသုံး အသားများအား စားသုံးရခြင်းကို မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။

     စင်္ကာပူနိုင်ငံသည် ၂၀၂၀ ခုနှစ်မှစတင်၍ ဓါတ်ခွဲခန်းမှ ပြုပြင်ထုတ်လုပ်ထားသော အသားထုတ်ကုန်များကို စီးပွားဖြစ် ရောင်းချရန် ခွင့်ပြုသော ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ဓါတ်ခွဲခန်းတစ်ခု၌ အသားဖြစ်ရန် တိရိစ္ဆာန်ဆဲလ်များ မလိုအပ်သော ပေါင်းစပ်ချက်နှင့် လေမှ ပေါင်းစပ်ထားသော ပရိုတိန်းဓါတ်ကြွယ်ဝသော အမှုန်များကဲ့သို့သော အနာဂတ်ထုတ်ကုန်များအား မီးစိမ်းပြသခဲ့သည်။

     စင်္ကာပူမတိုင်ခင် ထိုဓါတ်ခွဲခန်းအသုံးအသားများသည် လူအများအတွက် စိတ်ကူးယဉ် သိပ္ပံဆန်သောအရာဖြစ်ခဲ့သည်ဟု Huber’s butchery တွင် ဓါတ်ခွဲခန်းသုံးအသားများအား ရောင်းချနေသည် Eat Just ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူ Josh Tetrick မှ ပြောကြား ခဲ့သည်။

Source : geneticliteracyproject

DOCA(ရန်ကုန်)