စားသုံးသူအသိပညာပေး သိကြောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ

Powered by Drupal

      ၇.၈.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် အင်းစိန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူအသိပညာပေး သိကောင်းစရာ” အသိပညာပေး Talk Show ဆွေးနွေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းမှ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေမှ  ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၆)ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)