“မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

Powered by Drupal

      ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၆)ရက်၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မိတ္ထီလာမြို့၊ စီးပွားရေးတက္ကသိုလ် ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲကို အခမ်းအနားအစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးမှ အမှာစကားပြောကြားခဲ့ကာ   မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို အကျယ်တဝင့် ဟောပြောခဲ့ပြီး  တက်ရောက်လာသောဆရာ/ဆရာမများ၊ ကျောင်းသား/သူများမှလည်း သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဟောပြောပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ကျောင်းသား/သူများစုစုပေါင်းအင်အား (၇၂၀)ခန့် တက်ရောက်ခဲ့ပြီး မြန်မာ့အသံရိုက်ကူးရေးအဖွဲ့မှတ်တမ်းတင်ကင်မရာ နှင့် Videoမှတ်တမ်းရယူ၍  အခမ်းအနားကို နေ့လယ်(၁၄:၂၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)