လွိုင်လင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လွိုင်လင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီ လက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအနက်မှ ရွှေရောင်လမ်း(၁)၊ Total-7၊ B.O.C၊ ရွှေရောင်လမ်း(၂)၊ MTA နှင့် အောင်သမာဓိစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ   သက်ဆိုင်ရာ တာဝန်ခံများအား အချိန်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်း ထားသော ဈေးနှုန်းအတွင်းသာရောင်းချရန်မှာကြား၍ စက်သုံးဆီ လက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)