အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မော်လမြိုင်တက္ကသိုလ်နှင့်‌ မော်လမြိုင်နည်းပညာ တက္ကသိုလ်တို့တွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချခြင်း

Powered by Drupal

      ၇.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် မော်လမြိုင်ပညာ ရေးဒီဂရီကောလိပ်တို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေကျောင်းသား၊ ကျောင်းသူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များရောင်းချရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

    ထိုသို့ ဆောင်ရွက်ရာတွင် ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို ရောင်းချရန် နေရာသို့အချိန်မီရောက်ရှိစေရေး၊ ရောင်းချမည့်ပစ္စည်းများလုံလောက်မှုရှိစေရေး၊ သက်သာသောဈေးနှုန်းဖြစ်စေရေး၊ ဝယ်ယူသူများမှ စနစ်တကျဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

   အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ပေါ်ဆန်းမွှေး (ကျားပျံ)(၆)ပြည်အိတ် တစ်အိတ်လျှင် (၃၂၅၀၀) ကျပ်၊ ပေါ်ဆန်း(၆)ပြည်အိတ် တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်၊ ဧည့်မထ(ဆန်)(၆)ပြည်အိတ် တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၆၁၅၅) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ရေချိုငါးမုတ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ တစ်ဖူးလျှင် (၁၅၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ရောင်းချခြင်းကို လစဉ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မွန်)