ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီ အချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရုံးချုပ်၊ ထုတ်ကုန်လုံခြုံစိတ်ရမှုဌာနခွဲမှ တာဝန်ရှိသူများမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခြင်း၊ တိုင်း‌ဒေသကြီး/ပြည်နယ်များမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ တာဝန်ခံများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုများနှင့်ဆက်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ညှိနှိုင်း အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)