မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၆-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တာဝန်ခံက စားသုံးဆီများတွင် ပြည့်ဝဆီနည်းခြင်းက ကျန်းမာရေးအတွက် ပိုမိုသင့်လျှော်သည့်အကြောင်း၊ ဆီအမျိုးအစားများအကြောင်း၊ ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
DOCA(မကွေး)