ကံမမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၈-၈-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များနှင့် ကျန်းမာရေးဌာနမှ သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

  ကံမမြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အားလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ခံမှ ကောင်းမွန်သောဆေးဝါးရောင်းချမှု ကျင့်စဉ်အကြောင်းကိုလည်းကောင်း  အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ဝန်ထမ်း(၁၂)ဦးနှင့် သင်တန်းသား၊ သင်တန်းသူ (၂၁)ဦး၊ စုစုပေါင်း(၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)