ကံမမြို့နယ်တွင် ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များအား အသိပညာပေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၀.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်း ဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ သြဂုတ်လအတွက် ဈေးနှုန်းများအား ဝေငှပြီး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ သြဂုတ်လအတွက် ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)