နမ့်စန်မြို့ပေါ်ရှိဆန်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်အရောင်းဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခနှင့် အထွေထွေကုန်ကျစရိတ်ထည့်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း မရှိစေရေး၊ စားသုံးဆီရောင်းချနေသည့် လက်လီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေးထက်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)