စားသုံးသူကာကွယ်ပေး‌ရေး ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

    (၇.၈.၂၀၂၄)နေ့  နံနက် (၁၀း၀၀)မှ (၁၁း၄၅) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ညောင်တုန်း ရွှေဟင်္သာကျွန်း (အ.လ.က)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမများကို စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြသည်။

      ဟောပြောပွဲ၌ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးက ချိုမီဇင်(ဒုဦးစီးမှူး)က အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူဆိုသည့် အဓိပ္ပါယ်ကို ရှင်းလင်းပြောကြားခဲ့ပြီး မိမိကိုယ်တိုင်စားသုံးသူဟု သိရှိနားလည်ပြီဆိုလျှင် စားသုံးသူအခွင့်အရေးကို ရွေးချယ်အသုံးပြုလာနိုင်ပြီး  စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် နိုင်ငံသားများကိုယ်တိုင်က စားသုံးသူအသိပညာ မြင့်မားလာပြီး ရွေးချယ်ဝယ်ယူ စားသုံးလာကြခြင်းကြောင့် အန္တရာယ်ရှိသော အစားအစာ၊ ဆေးဝါးအတုများနှင့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ စျေးကွက်အတွင်းမှ အလိုအလျောက် တဖြည်းဖြည်း ပျောက်ကွက်သွားမည်မည်ကြောင်း၊ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းများ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူက ‌တောင်းဆိုနိုင်သည့် အခွင့်အရေးများ စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး ကျောင်းမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားသုံးသူ‌ရေးရာနှင့် စပ်လျဉ်း၍ ‌ဆောင်ရန်၊ ရှောင်ရန်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၂၀)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)