
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို (၈.၈.၂၀၂၄) နေ့ ၊နံနက် (၁၀:၀၀) နာရီက ဓနုဖြူမြို့နယ် ရပ်ကွက်မြို့ပေါ်ရှိ စတိုးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းမင်းစိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ စတိုးဆိုင်များတွင် ရောင်းချနေသည့်ဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အသင့်သောက်အချိုရည်ရောင်းချသော လုပ်ငန်းရှင်များကို စစ်ဆေးရေးအရာရှိမှ စစ်ဆေး ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)