ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊  ၁၁ရပ်ကွက် ပြုံးချိုလေးဈေး ရုံးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့်အတူ (၇.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) အချိန်တွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၅)ဦး ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြပါသည်။

     ထိုသို့ ပညာ‌ပေးဟောပြောရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက လုပ်ငန်းရှင်များအား ဆွေးနွေးရာ စားသုံးသူနှင့် ပတ်သက်ဆက်နွှယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှု များ နှင့် ပတ်သက်သည့် အကြောင်းအရာများအား တိုင်ကြားနိုင်သည့် Website၊ Call Center, FaceBook Page, Mobile App အသုံးပြုနည်းလမ်းများကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၅) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ အခန်း(၆)စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ဥပဒေအရ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)