အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ ဒု-ခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးနှင့် မင်္ဂလာဈေးကြီး အတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးတာဝန်ခံ၊စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့် အတူသွားရောက် ၍ အသင့်သောက်အချိုရည် အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်း အသင့်သောက်အချိုရည် အမျိုးမျိုး ရောင်းချ သော ဆိုင်(၈)ဆိုင်မှ လုပ်ငန်းရှင်တို့အား ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားထားသော ကုန်စည် များကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် စိစစ်ပြီးရောင်းချရန်၊ ကုန်အညွှန်း အမှတ် အသားဆိုင်ရာအချက်များ ပါရှိရမည့် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရ မည့်အချက်များ၊ သက်တမ်းကုန်ဆုံးသော အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန် ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် တို့ကို အသိပညာပေးရှင်းလင်းပြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ကုန်စည်များရောင်းချနေခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေ ထုတ်ပြန်ချက်အရ ကုန်အညွှန်းအမှတ်အသားဖော် ပြပါဝင်ခြင်းမရှိသည့်  ကုန်စည်များ ရောင်းချ နေခြင်းကိုစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူဆောင် ရွက်ခံရ မည်ဖြစ် ကြောင်းကိုပြောကြားခဲ့ပြီး၊ မအူပင်မြို့နယ်အတွင်းရောင်းချနေသော အသင့်သောက် အချိုရည်များ တွင် သက်ဆိုင်ရာတို့၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များ ကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)