တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းအသိပညာပေးဟောပြောပွဲအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအသိပညာပေး ဟောပြောပွဲအား (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အ.ထ.က(၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီးဦးစီးမှူးမှ သန်းခေါင်စာရင်းကောက်ယူရသည့်ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည်သူများနှင့် သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ စသည်တို့ကိုရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အ.ထ.က(၃)ကျောင်းအုပ်ဆရာကြီးအား သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်သည့်ပစ္စည်းများအား ပေးအပ်ခဲ့ပြီး ဟောပြောပွဲအား နံနက်(၁၀:၀၀)နာရီတွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။ 

DOCA(တနင်္သာရီ)