“ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးမှုများအပေါ် အကျိုးသက်ရောက်မှု စောင့်ကြည့်အကဲဖြတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ရုံးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ မြို့နယ်အဆင့် တာဝန်ရှိသူများသည် ဩဂုတ်လ (၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်ဒေဝက နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ ရန်ကုန်တိုင်းအတွင်းရှိ  ကော့မှူးမြို့နယ်မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်း၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်န်းများကို ၎င်းတို့နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် ကော့မှူးမြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ်ကျခံသုံးစွဲမှုများကို ခြောက်လတစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးမှုများအပေါ် အကျိုးသက်ရောက်မှု စောင့်ကြည့်အကဲဖြတ်နိုင်ရေးအတွက် မြို့နယ်အဆင့်နိုင်ငံ့ စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာများအနေဖြင့် ချေးငွေထုတ်ချေးထားသော ရပ်ကွက်ကျေးရွာများအရောက် စိစစ်ကြပ်မတ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသောဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)