“ ကော့မှူးမြို့နယ်၌ စားသုံးဆီ အမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားသုံးဆီအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်၊ ကုန်ခြောက်ဆိုင်များအား ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှမြို့နယ်ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအတွင်း/အပြင်၌ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၄)ဖြင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးတို့ကိုသာ မိမိတို့ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)