“ ကော့မှူးမြို့နယ်၌ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေးနွေးဆွေးပွဲ ကျင်းပခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးတာဝန်ခံ ရုံးခန်းမ၌ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်တွင် စားသုံးဆီအမျိုးမျိုးအားဖြန့်ဖြူးရောင်းချနေသော ကုန်ခြောက်ဆိုင်များမှ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ(Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ  အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါ အသိပညာပေးဟောပြေဆွေးနွေးရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး တာဝန်ခံ ဦးအေးသွင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက ယခုလိုစားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဟောပြောဆွေးနွေးပွဲကျင်းပရခြင်းမှာ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ယခုလိုဆွေးနွေး ဟောပြောရခြင်းဖြစ်ကြောင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် မှထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့်အညီ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်(၂/၂၀၂၄)တို့အား လိုက်နာဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီအမျိုးမျိုးတို့အား မိမိတို့ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)