ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဩဂုတ်လ(၉)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုး တွင် ဩဂုတ်အတွင်း စစ်ဆေးရမည့်ကုန်စည်များဖြစ်သည့် တိုင်းရင်းဆေးအမျိုးမျိုးတို့ကို စစ်ဆေးရန် ညွှန်ကြားချက်အရ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရပ်ကွက်အတွင်း ဆေးဆိုင်များဖြစ်သော အေးမေတ္တာဆေးဆိုင်၊ ထွန်းဝေဆေးဆိုင်၊ ကောင်းမြတ်ချမ်းသာ ဆေးဆိုင်တို့တွင် တိုင်းရင်းဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးဆိုင်များတွင် စင်္ကြာမင်း(အကြောအားဆေး)၊ အေးငြိမ်းသီတာ(အကြောအားဆေး)၊ ရွှေဟင်္သာ(သံမနိုင်၊ ကျောက်မနိုင်ဆေး)၊ ဆရာခို(အနာလိမ်းဆေး)၊ Fame အမှတ်တံဆိပ် နှလုံးဆေး၊ ဆီးချိုကျဆေး၊ အာရုံကြောဆေးတို့ကို ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားအားပြည့်စုံစွာပါရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနထောက်ခံချက်ပါရှိသော တိုင်းရင်းဆေးများကိုသာ မိမိတို့ဆိုင်များတွင် ရောင်းချသွားကြရန်နှင့် ဖော်ပြချက်များပြည့်စုံစွာ ဖော်ပြပါရှိမှသာ စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)