ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၄)(၁/၂၀၂၄) ကျင်းပပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ဩဂုတ်လ ၇ရက်နေ့ အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် ၂၄(၁/၂၀၂၄) ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဌာန တိုင်းဦးစီးမှူး ဦးအောင်ဖြိုး အဖွဲ့ဝင်များ တိုင်းစည်ပင်သာယာရေး စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီဆီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ပါသည်၊၊

     အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ စားသောက်ကုန်များပြုလုပ်သည့် လုပ်ငန်းရှင်များသည် အစားအသောက်များ ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူများဘေးဥပဒ် အန္တရာယ်မဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်ရမှာဖြစ်သလို သက်ဆိုင်ရာဌာနတာဝန်ရှိသူများအနေဖြင့် စားသောက်ကုန်များ ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ စားသောက်ကုန်ထုတ်လုပ်ခွင့် မှတ်ပုံတင်ခွင့်ပြုရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)