ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၉-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ပန်းတနော် ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်ဝတ္တရာများအကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အဓိပ္ပါယ်နှင့်ဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုခြင်းဖြစ်‌ကြောင်းကို ရှင်းလင်းပြီး ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တွင် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ကုန်စည်ကိုစားသုံးသူကအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက တာဝန်ရှိသူကတာဝန်ယူဆောင်ရွက်ပေးရမည့်အချက်များကိုလည်းကောင်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ဟောပြောခဲ့ကြောင်း သိရပြီး လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)