
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားများအသင်း၌ ဆန်ကုန်သည်ကြီးများအသင်းမှ လူတစ်ဦးလျှင်(၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၆၀)ဦးအတွက် ဆန်ရောင်းချပေးနေမှုအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆန်ကုန်သည်ကြီးများအသင်းရှိ အလှည့်ကျကုန်သည်များမှ ရွှေဘို(၇၂)သွယ်လေး ဆန်အိတ်ရေ (၇၅)အိတ်အား ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)