![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.10_3.jpg?itok=WvmDfE1G)
၁၄.၈.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ရောင်းချပေးရာတွင် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀) ကျပ်နှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက် စသည့် အခြေခံစားသောက်ကုန်အမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းတို့ဖြင့် စနစ်တကျရောင်းပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ်ဒေါက်တာနီလာသိန်းနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု့အားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)