မုံရွာမြို့၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့DICA အစည်းအဝေးခန်းမတွင် စားသုံးသူရေးရာကော်မတီ(၃/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပဆောင်ရွက်

Powered by Drupal

     မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ DICA အစည်းအဝေးခန်းမ၌ (၇.၈၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာကော်မတီ(၃/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကိုကျင်းပ ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် စားသူရေးရာ ဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၁၄) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအစည်းအဝေးကို (၃)လတစ်ကြိမ် ကျင်းပပြုလုပ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်အကြံပြုကြရမှာဖြစ်ကြောင်း၊ တက်ရောက်လာသော ကော်မတီ အဖွဲ့ဝင်များမှလည်း ကော်မတီအဖွဲ့၏ စားသုံးသူများထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဆိုလာသုံးစွဲမှုစားသုံးသူ နစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်‌ရေး အလုပ်ရုံဆွေးနွေးပွဲတွင်လည်း တက်ရောက်လာသောဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကော်မတီအဖွဲ့ဝင်များစိတ်ဝင်စားစွာ ပါဝင်ဆွေးနွေးဖော် ထုတ်အကြံပြုကြတာကို တွေ့ရ၍ ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးချုပ်ထံသို့ တင်ပြပြီး ဖြစ်၍ ဆက်လက်ဆောင်ရွက်မှုများ အကောင်ထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ရုံးချုပ်မှညွှန်ကြားချက်နှင့်အညီ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ထားရှိမှုရှိကြောင်း၊ ရှေ့ဆက်လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်းများ ပြောကြားခဲ့ပါသည်။

    ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က လစဥ်လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းခြင်းများ၊ ယခင် ပထမ(၃)လပတ် ကော်မတီအစည်းအဝေးချမှတ်ထားသော လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ‌ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို အမှာစာ(၄) စောင်ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ထုတ်လုံဌာနခွဲတာဝန်ခံ ဒေါ်အေးမြင့်ငြိမ်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် လျှောက်ထားရန် တင်ပြဆွေးနွေးခြင်း၊ စားသုံးဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးပညာပေး ဆောင်ရွက်မှုများ၊ လုပ်ငန်းရှင်တွေ့ဆုံပညာပေးဆောင်ရွက်မှုများအား တင်ပြရှင်းလင်းဆွေးနွေးခြင်း၊ ကော်မတီအဖွဲ့ဝင်များကလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး၊ စားသုံးသူရေးရာကော်မတီ ဥက္ကဌ ဒေါ်ရီရီသန်းက  အွန်လိုင်းကိစ္စသည် ကျယ်ပြန့်သည်ဖြစ်၍ သေချာစိစစ် ဆောင်ရွက်စေလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများ ချမှတ်၍ အစည်းအဝေးကိုအောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)