စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စာရင်းစစ်ရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈  ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မီးရထားရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော သိန်းထိုက်အောင်၊ OK နှင့် ရွှေဆန်မင်း ဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင် ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် ဩဂုတ်လအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ချက်ကို အသိပညာ ပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မီးရထားရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော သိန်းထိုက်အောင်၊ OK နှင့် ရွှေဆန်မင်း ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှုအများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချရပါကြောင်း စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုး အစားအလိုက်(၂၄)ပြည် တစ်အိတ် ဈေးနှုန်းများမှာ သိန်းထိုက်အောင်၊ OK နှင့် ရွှေဆန်မင်း ဆန်ရောင်းဝယ်ရေးဆိုင်များသည် ရွှေဘိုပေါ်ဆန်း (၁၄၅၀၀၀) ကျပ်၊ ဧရာမင်း (၁၂၀၀၀၀) ကျပ် မှ (၁၃၀၀၀၀) ကျပ်နှင့် မနောသုခ (၈၅၀၀၀) ကျပ်မှ (၉၀၀၀၀)ကျပ် ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၁၅၀၀) ကျပ် မှ (၂၀၀၀)ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များ မရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)