၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် အမှတ် (၃)ရပ်ကွက်၊ ကန့်ဘလူမြို့ရှိ “မြတ်နန်းဦး” သောက်ရေသန့်စက်ရုံသို့ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရေသည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)