မြိတ်မြို့ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ  ဆန်အရောင်းဆိုင် (၃)ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဆန်အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးဖြင့်သာရောင်းချရန်နှင့် လမ်းညွှန်မှာကြားမှုများအား လိုက်နာဆောင်ရွက်စေရန် ဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးချက်အရ ဖျာပုံပေါ်ဆန်းဆန်နှင့် စူပါဧည့်မထဆန်များကို အများဆုံးရောင်းချကြ၍ စျေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်များလည်းပုံမှန် လည်ပတ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)