အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ စျေးနှုန်းစျေးကွက်အခြေအနေစုံစမ်း

Powered by Drupal

   မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များသို့ သွားရောက်၍ အိမ်သုံးဆေးဝါးရောင်းချမှုအခြေအနေများနှင့် ဆေးပြတ်လပ်မှု အခြေအနေများအား ကွင်းဆင်းစုံစမ်းခဲ့ကြပါသည်။

   ကွင်းဆင်းရာတွင် စျေးနှုန်းစျေးကွက်အခြေအနေများမေးမြန်းခဲ့ပြီး ဆေးဝါးပြတ်လပ်မှု မရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

DOCA(တနင်္သာရီ)