ကျိုက်လတ်မြို့၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းများ သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၄) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဆိုင်းဘုတ်တင်ရောင်းချနေခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား ဧည့်မထ (၃၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး(၅၀၀၀) ကျပ် ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်  စားသုံးသူပြည်သူများအား ဈေးကွက်အတွင်း ရောင်းချနေမှုကို လိုက်လံစစ်ဆေးခဲ့ကြပြီး အခြေခံလုပ်သားပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆက်လက်ရောင်းချပေးရန် လိုအပ်ကြောင်းနှင့်  ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ပူးပေါင်းလိုက်ပါ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဘောင်ချာများနှင့် ဆန်အမျိုးအစားများကို တိုက်ဆိုင်စစ်ဆေးခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)