ရွှေဘိုမြို့တွင် ဩဂုတ်လ ဒုတိယပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

         မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၈၄၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၀၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၄၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၀၄၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ယခုဩဂုတ်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၀၁၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၃၁၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၂၅)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၇၀)ကျပ် ဓာတ်ဆီ(95) တစ်လီတာလျှင် (၁၁၀)ကျပ်၊  ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၁၃၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၈၅)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)