![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20.11_3.jpg?itok=QvqqTcWl)
ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၁၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဖျာပုံ၊ဘိုကလး၊ ကျိုက်လတ်၊ ဒေးဒရဲမှမြို့နယ်တာဝန်ခံများ၊ ဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍အစည်းအဝေးပြုလုပ်ကျင်းပခဲ့ကြပါ သည်။
အဆိုပါ အစည်းအဝေး တွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ လက်ရှိဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချနေသော စားအုန်းဆီများကို ရပ်ကွက်၊ကျေးရွာများရှိ အိမ်ထောင်စုအလိုက် ဝယ်ယူရမည့် လက်လီအရောင်းဆိုင်များ သတ်မှတ်ထားရှိပြီး စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းသတ်မှတ်ရောင်းချရမည်ဖြစ်ကြောင်း၊စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းတို့ဖြင့် ရောင်းချပေးရမည်ဖြစ်ကြောင်း၊ စားအုန်းဆီထုတ်ယူရရှိမှုပေါ်မူတည်၍ တစ်လလျှင် အိမ်ထောင်စုအလိုက် ခွဲဝေရောင်းချပေးရန်နှင့် ၊ ဆီရောင်းချမှုစာရင်းများအား ဆီထုတ်စာရင်းများ ပြုလုပ်ထားကြရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးကို (၁၅) ဦးခန့်တက်ရောက်ခဲ့ပြီး ညနေ (၁၇:၀၀) နာရီတွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)