ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ /မရှိတို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)