![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20.14_2.jpg?itok=AoMHWwWv)
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်အသင်း ဒုဥက္ကဋ္ဌ၊ အသင်းဝင်များ၊ ဆန်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် အသင်းဝင်များအနေဖြင့် ဆန်များအား သတ်မှတ်ရည်ညွှန်းစျေးများနှင့်အညီ ဒေသတွင်း ရောင်းချစေရေးနှင့် စျေးကွက်အခြေအနေများ၊ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်များအား www.myro.com.mm မှတစ်ဆင့် ဝင်ရောက်မှတ်ပုံတင်နိုင်ရေး လိုအပ်သည်များနှင့် သိရှိလိုသည်များအား ရှင်းလင်းပြောကြားခြင်းခဲ့ပြီး ဆွေးနွေးပွဲအား နံနက်(၁၁း၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)