
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဘိလပ်မြေဈေးနှုန်းသည် တည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်းသိရသည်။ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ဘိလပ်မြေတစ်အိတ်ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ( အနီ ) တစ်အိတ်လျှင် ၁၁၀၀၀ကျပ်၊ Apache တစ်အိတ်လျှင် ၁၀၈၅၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ယခုအချိန်သည် မိုးရာသီကာဖြစ်ပြီး ပဲခူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ဘိလပ်မြေအရောင်းအဝယ်အေးနေပြီး ဈေးနှုန်းများလည်းတည်ငြိမ်ချက်ရှိကြောင်းသိရသည်။ ပွင့်လင်းရာသီသို့ရောက်ရှိလာပါက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအရှိန်ဟုန်ဖြင့်စတင်၍ လုပ်ငန်းဆောင်ရွက်ချိန်၌ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)