ဖရုံသီးအကြောင်းသိကောင်းစရာ

Powered by Drupal

      ဖရုံသီးကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး ကောင်းကျိုးများစွာရရှိစေပါသည်။ ဖရုံသီးတွင် ဗီတာမင်အေ၊ ဘီကွန်ပလက်၊ စီနှင့်အီး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ မဂ္ဂနီစ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ ကြေးနီနှင့် အခြားဓာတ်တိုးများပါဝင်ပါသည်။ ဖရုံသီးကိုစားသုံးခြင်းဖြင့်ကျန်းမာရေးကို များစွာအ‌ထောက်အကူပြုသည်။ မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ ခုခံနိုင်စွမ်းတိုးစေခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်လျှော့ချရန် ကူညီပေးနိုင်ခြင်း၊ အရေပြားကျန်းမာရေးအတွက်ကောင်းမွန်ပြီး ငယ်ရွယ်နုပျိုစေခြင်း၊ ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း၊ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါနှင့် သွေးဖိအားလျော့ကျခြင်းတို့ကိုသက်သာစေနိုင်ပါသည်။

     ရွှေဖရုံသီးသည် ရာသီသီးနှံဖြစ်ပြီး ၎င်းကို မိုးဦးကာလ မေလနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိုးကြသည်။ ရွှေဖရုံသီးကိုစိုက်ပျိုးပြီး အပင်သက်တမ်း(၁၀၀-၁၂၀) ရက်ကြာလျှင် အသီးများရင့်မှည့်ပြီး စတင်ခူးဆွတ်နိုင်ပါသည်။ ရွှေဖရုံသီးသည် အသီးစားရုံသာမက အညွန့်ကိုပါစားသုံးနိုင်သည့်အတွက် စိုက်ပျိုးသင့်သော ရာသီသီးနှံဖြစ်ပါသည်။ ရွှေဖရုံသီးကို အလုံးအရွယ်အစားအကြီးအသေးပေါ်မူတည်၍ စျေးနှုန်းအမျိုးမျိုးဖြင့် ဝယ်ယူကြကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဖရုံသီးလက်ကားစျေးမှာ (၅၀၀-၃၀၀)၊ လက်လီစျေး(၈၀၀-၅၀၀) ဖြင့်ရောင်းဝယ်ကြကြောင်း သီးနှံရောင်းဝယ်သူများထံမှသိရပါသည်။ ရွှေဖရုံသီးသည် အရင်းနည်းပြီး အပိုဝင်ငွေရသည့်အတွက် တောင်သူများ တွက်ခြေကိုက်သောကြောင့် စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)