(၁၅.၈.၂ဝ၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "အွန်လိုင်း ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ပထမဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဉ္ဇာစိုးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပုံ အဆင့်ဆင့်၊ အွန်လိုင်းမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူများ ဝယ်ယူသုံးစွဲရာ၌ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဌာနမှ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြောင်း၊ နစ်နာမှုများ ရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် အွန်လိုင်းရောင်းဝယ်မှုနှင့်ပတ်သက်၍ စားသုံးသူများ ဝယ်ယူမှုမပြုမီ သတိပြုသင့်သည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)