၁၅.၈.၂၀၂၄ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင် စက်မှုဇုန်ရှိ ဦးလှထွန်း အမှုန့်ကြိတ်စက်ရုံ၌ မော်လမြိုင်မြို့ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်မှ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေ၌ ပါဝင်သော စားသုံးသူများရရှိနိုင်သည့် အခွင့်အရေးများနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူ ထိခိုက်နစ်နာမှုများရှိပါက သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ တိုင်ကြားနိုင် ကြောင်း၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာသူ သင်တန်းသား/ သူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)