၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဌာနများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်များ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန်နှင့် ဒေသထွက်ဧည့်မထဆန်များကို အများဆုံး ရောင်းဝယ်မှုပြုကြပြီး ယခင်အပတ်ဈေးနှုန်းအတိုင်း ဆန်ဈေးတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုကြရန်၊ ဆန်အိတ် (၁၀၀၀) နှင့်အထက်ဆံ့သော သိုလှောင်ရုံများအား ဆန်သိုလှောင်ရုံမှတ်ပုံ တင်လျှောက်ထားကြရန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)