၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန နှင့်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံ စားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ၊ မြေပဲဆီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ မြေပဲ၊ အာလူး၊ ဆား၊ ကြက်သား၊ ကြက်ဥနှင့် ဘဲဥ အစရှိသောအခြေခံစားသောက်ကုန်ပစ္စည်းများ ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ကျိုင်းတုံမြို့တွင် ယွမ်ဈေး၊ ဘတ်ဈေးနှင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်း မပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)