မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၄.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၃၀)အချိန်တွင် မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မကွေးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့သည် မကွေးမြို့နယ်အတွက် စားအုန်းဆီဝယ်ယူခွင့်ရရှိသော ကုမ္ပဏီကိုယ်စားလှယ်များ၊ လက်ကားပြန်လည်ဖြန့်ဖြူး ရောင်းချသည့် စားအုန်းဆီရောင်းချသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးတို့အားတွေ့ဆုံပြီး စားအုန်းဆီများရောင်းချပေးရာတွင် စနစ်တကျရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
စားအုန်းဆီဝယ်ယူခွင့်ရရှိသော ကုမ္ပဏီကိုယ်စားလှယ်များနှင့် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီရောင်းချသူများအနေဖြင့် မိမိတို့ဝယ်ယူရရှိသော ခွဲတမ်းစားအုန်းဆီများကို ပြည်သူများထံ အပြည့်အဝရောင်းချခြင်းမပြုပဲ ပြင်ပသို့ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအားလုံးလည်း အဂတိတရားကင်းရှင်းစွာဖြင့် မျှမျှတတစနစ်တကျ စီမံဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)