မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၌ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ကုန်တင်ယာဥ်ကြီးများ ပူးပေါင်းစစ်ဆေးရေးဂိတ်အား ဖွင့်လှစ်ပြီး ဌာန(၁၁)ခုဖြင့် နေ့စဉ်ပူးပေါင်းစစ်ဆေးကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ကုန်တင်ယာဉ်ကြီးများစစ်ဆေးရေးဂိတ်တွင် တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေး၊ ဆန်၊ ဆီ၊ လူသုံးကုန်၊ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းများ ဝင်ရောက်မှုနှင့် မကွေးမြို့နယ်မှ အခြားတိုင်း/ပြည်နယ်များသို့ တင်ပို့သော သီးနှံမျိုးစုံစာရင်းများအား ကြီးကြပ်ကောက်ယူလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁)ရက်မှ(၁၀)ရက်နေ့အထိ အခြားတိုင်း/ပြည်နယ်များမှ ဆန်(၅၁၁၂)အိတ်၊ ရန်ကုန်မြို့မှ စားအုန်းဆီ(၁၄၇၄)ပေပါ၊ Meizan အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ) (၂၂၂၀၀)ပိဿာနှင့် ကျောက်ဆည်မြို့မှ ဘိလပ်မြေ(၇၂၆၅)အိတ် ဝင်ရောက်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)