ဆံပင်ပြုပြင်ရန်သုံးစွဲပစ္စည်းအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် (၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      Magway Shopping Mall၊ ကောင်းမွန်စင်တာနှင့် သာလှစတိုးတို့၌ ရောင်းချနေသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းများဖြစ်သည့် (ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေး၊ ပေါင်းတင်ဆေး၊ ဆံပင်ဆိုးဆေးခရင်၊ ဦးရေပြားအားဖြည့်ဆံပင်ပေါင်းဆေး၊ ဆံပင်ပျော့ဆေး)တို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သတ်မှတ်ချက်များ ပြည့်စုံစွာဖော်ပြပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အရောင်းဆိုင်များအား တရားမဝင်တင်သွင်းလာသောကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမထားသော ကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)