ကျောင်းနေအရွယ်ကလေးများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ကျောင်းနေအရွယ်ကလေးများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး ရည်ရွယ်၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်မျိုးစုံနှင့် အသုပ်မျိုးစုံအရောင်းဆိုင်များအား ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ အသုပ်မျိုးစုံရောင်းချရာတွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကျောင်းမုန့်ဈေးတန်းရောင်းချသူများအနေဖြင့် ကျောင်းဖွင့်ရာသီချိန်တွင် နေ့စဉ်နှင့်အမျှ ဝယ်ယူစားသုံးနေသည့် ကျောင်းသား၊ ကျောင်းသူများအား အစားအစာများ ရောင်းချရာတွင် ကုန်စည်များပေါ်တွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များနှင့် သန့်ရှင်းလတ်ဆပ်သည့် ကုန်စည်များကိုသာရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)