ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေး ဦးစားပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားခွင့်၊ ကုစားနိုင်ခွင့်များသိရှိနိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ အသိပညာ တိုးပွားစေရေး ရည်ရွယ်၍ (၁၄.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးခဲ့ကြောင်း သိရသည်။

     ရေစကြိုမြို့နယ်တာဝန်ခံက ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်း ဌာနခွဲမှဝန်ထမ်းက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဦးစီးမှူးရုံးများတွင် CICC ရုံးများဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် တိုင်ကြားနိုင်သည့်သူများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)