ဆိပ်ဖြူမြို့တွင် စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့ နယ်တာဝန်ခံသည် (၁၅.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ  စက်သုံးဆီရောင်းချလျက်ရှိသော “မြရွှေစင်”နှင့်“ဦးထွန်းဝင်း”ဆီဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များအား သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှင့် အမှန်တကယ်ရောင်းချခြင်းနှင့် အချိန်အတွယ်မှန်ကန်စေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။     သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင် ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများကိုလည်း ဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားမဝင် စက်ဆီ၊ ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန် တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)