ကျောင်းနေအရွယ်ကလေးများ အသိပညာ တိုးပွားစေရေး စားသုံးသူကာကွယ်ရေးဟောပြောပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံသည် (၁၄.၈.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

    ငွေစာရင်းတာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိမှုအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲမှ ဝန်ထမ်းက စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းက ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)