မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ ဆန်/ ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇  ရက်၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌ သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချခဲ့ရာတွင် ခရိုင်ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းက ပေါ်ဆန်းဆန် တစ်ပြည်လျှင် ၆၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၁၀) အိတ်ကိုလည်းကောင်း၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၅၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၄၅) အိတ်ကိုလည်းကောင်း၊ ဧည့်မထဆန် တစ်ပြည်လျှင် ၃၁၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၆၂) အိတ်ကိုလည်းကောင်း စုစုပေါင်း အိတ်(၁၁၇) အိတ်အား ရောင်းချပေးပြီး  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက  စားအုန်းဆီ ပိဿာ (၈၈၀) အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)