စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၇ ရက် နံနက် (၀၇:၃၀) နာရီအချိန်က ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် နိုင်ငံ့ဝန်ထမ်းများကို ရောင်းချပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းတို့က သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ဝယ်ယူ ကြသည့် နိုင်ငံ့ဝန်ထမ်းများအလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၇၀၀ကျပ် ဝန်ထမ်းတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် စားအုန်းဆီ ၄၄၀ ပိဿာကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)