ပန်ဂျပ်ပြည်နယ်အစိုးရ၏ ကောက်ပဲသီးနှံ အရှိန်အဟုန်မြင့်တင်မောင်းနှင်မှုဖြင့် ယခု Kharif ရာသီအတွင်း ပန်ဂျပ်ပြည်နယ်သည် ဘာစမာတီစိုက်ပျိုးဧရိယာ ၁၂.၅၈ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားလူမှုဖူလုံရေးဝန်ကြီး Gurmeet Singh Khudian က သြဂုတ်လ ၁၈ရက်နေ့ကပြောကြားခဲ့သည်။
စပါးရှည်စိုက်ပျိုးမှုမှာ လက်ရှိတွင် ဟတ်တာ ၆.၇၁သိန်းအထိတိုးချဲ့စိုက်ပျိုးထားပြီး ယခင် Kharif ရာသီတွင် ဟတ်တာ ၅.၉၆သိန်းမှ သိသိသာသာတိုးတက်လာကြောင်း ဝန်ကြီးက ပြောကြားသည်။
ဘာစမာတီစိုက်ပျိုးမှု၏ ခရိုင်အလိုက် စာရင်းဇယားများအရ Amritsar သည်ဟတ်တာ ၁.၄၆သိန်းဖြင့် ဦးဆောင်နေခဲ့သည်ဟု Khudian ကပြောကြားခဲ့သည်။ Amritsar ၏နောက်တွင် ဟတ်တာ ၁.၁၀သိန်းရှိသည့် Muktsar၊ ဟတ်တာ ၈၄၉၀၀၀ရှိသော Fazilka၊ ဟတ်တာ၇၂၅၀၀၀ရှိသော Tarn Taran နှင့် ဟတ်တာ၄၉၈၀၀၀ရှိသော Sangrur စသည်ဖြင့်အသီးသီးရှိကြပြီး အဆိုပါခရိုင်များတွင် ဘာစမာတီကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းပြသနေသည်။
၂၀၂၃ခုနှစ် Kharif ရာသီတွင်ရှိခဲ့သော ဧက၁.၇၂သိန်းမှ ရေချွေတာသော DSR နည်းလမ်းဖြင့် စိုက်ပျိုးသည့်ဧရိယာသည် ဧက၂.၅၂သိန်းအထိတိုးလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အနံ့ထွက်သီးနှံများ၏အရည်အသွေးကို ကမ္ဘာ့အဆင့်မီစံနှုန်းဖြင့် တင်ပို့နိုင်စေရန် ဘာစမာတီဆန်များတွင် ပိုးသတ်ဆေး(၁၀)မျိုးအသုံးပြုခွင့်ကို ကန့်သတ်တားမြစ်ထားကြောင်း ဝန်ကြီးကပြောသည်။
Source: business -standard
DOCA(ရန်ကုန်)