နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန်ဆော်ဒီအာရေဗျနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ဥပဒေအားပြုပြင်ပြောင်းလဲ

Powered by Drupal

     ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးကွဲပြားမှုကို ပံ့ပိုးရန်နှင့်နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများအား တင်းကြပ်မှုကိုဖြေလျှာ့ပေးနိုင်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။

    မွမ်းမံထားသော ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် တရားဥဒေစိုးမိုးရေး၊ တရားမျှတသော ဆက်ဆံမှုနှင့် လွတ်လပ်စွာငွေလွှဲနိုင်မှုတို့ကို အာမခံပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗျနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဥ်ကို ကူညီရန်သီးသန့်ဝန်ဆောင်မှု စင်တာများ ဖွင့်လှစ်ထားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လိုင်စင်များကိုလည်း ဖျက်သိမ်းပြီးရိုးရှင်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဥ်ဖြင့် အစားထိုးမည်ဖြစ်သည်၊ ပြုပြင်ပြောင်းလဲမှု များသည် ရင်းနှီးမြှုပ်နှံသူများအတွက် ကြိုဆိုပြီး လုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဆော်ရေအာရေဗျ၏ ကတိကဝတ်ကို ဥပဒေထပ်လောင်းအတည်ပြုသည်ဟု ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Khalid Al- Faith ကထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

      ဆော်ဒီအာရေဗျသည် မကြာသေးမီနှစ်များအတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် အထူးဗီဇာ ထုတ်ပေးခြင်း၊ အခွန်နှုန်းသက်သာသောအထူးစီးပွားရေးဇုန်များဖန်တီးခြင်း၊ အရပ် ဘက်ငွေကြေး လွှဲပြောင်းမှုနှင့် ဒေဝါလီခံခြင်းဆိုင်ရာဥပဒေသစ်များမိတ်ဆက်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်မကြာသေးမီနှစ်များအတွင်း ခြေလှမ်းများစွာ လုပ်ဆောင်ခဲ့သည်။

      ဆော်ဒီအာရေဗျနိုင်ငံ၏ရည်မှန်းချက်မှာ အလုပ်အကိုင်များဖန်တီးပေးပြီး ရေနံလုပ်ငန်း အပြင်ဝင်ငွေရရှိနိုင်မည့် စက်မှုလုပ်ငန်းအသစ်များဖွံဖြိုးတိုးတက်စေရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၃၀ခုနှစ်တွင်တစ်နှစ်လျှင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရရှိရန် ဖြစ်သည်။

     ဆော်ဒီအာရေဗျနိုင်ငံ၏ အဆိုပါရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် နိုင်ငံတကာ အလေ့အကျင့်များကိုထည့်သွင်းစဥ်းစားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံသူများနှင့် အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ထည့်သွင်းပြီးနောက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Source: Bloomberg

DOCA(ရန်ကုန်)